Wednesday 10 August 2011

ရခိုင်ရိုးရာစည်တော်စတင်ပေါ်ပေါက်လာရခြင်းအကြောင်း

ရက္ခ ပူရတိုင်း ဓညဝတီရခိုင် ပြည်ကြီးတွင် တူရိယာအနီ ဖြင့် ရှိပဝေသဏီ ကာလ ဒွါရာဝတီ ဝါသုဒေဝမင်းလက်ထက်ကပင် စည်တော်တီးချှက်သုခု မအနုပညာရိုးရာကိုနန်းတွင်းယဉ်ကျေးမှုအဖြစ် စတင်တီထွင်ပေါ်ထွန်းလာခခြင်းဖြစ်ပါသည်။

ရခိုင်လူမျိုး၊ ရခိုင်ပြည်ဟုစတင်တည်ထောင်ခသော ဥတ္တရမဓူရမြို့တော်သည်သာဂရမင်း၏ ညီတော်ဥဿပရမင်းသည် (ကံသမင်း) ၏ သမီးတော် (ဒေဝဂမ္ဘာ) မင်းသမီးနှင့်ထီးနန်းစိုးစံစဉ်ထူးခြားသော ဘုန်းသမ္ဘာနှင့်ပြည်စုံသော သားတော် တကျိပ်ရို့ကိုဖွားမြင်တော်မူသည်။ 

၎င်းမင်းသားရို့သည်ဆင်မြောင်ငါးစီးအားနှင့်ပြည်စုံတော် မူကြ၏။ 
၎င်းမင်းသားရို့မှာသုဒေဝမင်း၊ ဗလဒေဝမင်း၊ သူရိယဒေဝမင်း၊ စန္ဒာဒေဝမင်း၊အဂ္ဂိဒေဝမင်း၊ မစ္စုဒဒေဝမင်း၊ ဝရုဏ္ဏဒေဝမင်း၊ ရောဟနေယျဒေဝမင်း၊ ပမပဏ္ဍိ တဒေဝမင်း၊ အင်္ဂုရဒေဝမင်း ဟု၍ သားတော် တကျိပ်နှင့် သမီးတော်အဉ္ဇနဒေဝီရို့ဖြစ်ကြသည်။ 

၎င်းဝါသုဒေဝညီနောင်တကျိပ်ရို့သည် ဒွါရာဝတီ (အာကာပျံဝဲမြို့သံတွဲ) ကို စောင့်ယှောက်သောမြို့စောင်ဘီလူးမကြီးရန်အားနိုမ်နှင်းပြီးသော် သိမ်းပိုက်စိုးစံတော်မူကြလီသည်။ 
ထိုအချိန် ကာလကပင် ကဿပဘုရားသခင်သာသနာဆုပ်ကပ်ကာလဖြစ်သည်။ 

ထိုအချိန်ကာလတွင် ဟိမဝန္တာတောကြီး တောင်ကြီးများထဲမှာ အလွန်ကျော်ဇောထင်ရှားသော (ကုဏ္ဍရ) အိုင်(သက္ကဋဂူ) တွင်းကြီးတွင်ခိုအောင်းနီသော ပုဇွန်ကြီးတကောင်သည် များစွာကြီးထွားသန်မာလျှက်လွန်စွာ ကြောက်မက်ဖွယ်ကောင်းကာသူ၏လက်မ (ခြီမ) နှစ်ခုဖြင့် လာသမျှသော ရီသတ္တဝါ၊ ကုန်သတ္တဝါအပေါင်းရို့အား ညှပ်သတ်ဖြတ်လျှက်သီစီရလီသည်။ 

ထိုကာလမကြာမြင့်မီ ဟိမဝန္တာတောကြီးအတွင်း၌ အင်မတန်ခွန်အားဗလနှင့်ပြည့်စုံသောကြောက်ဖက်ဖွယ်ကောင်းသော (ဆင်ဟတ္ထိ) ကြီးတကောင်သည်ထင်ရှားပေါ်ပေါက်လာလီသည်။ 

၎င်းဆင်ကြီးသည်အဆိုပါ (သက္ကဋဂူ) တွင်မင်းမူနီသော ပုဇွန်ကောင်ကြီးအား နင်းသတ်လျှက် လက်မ (ခြီမ) ကြီးနှစ်ချောင်းကိုနှာမောင်းဖြင့် ချိုးဖဲ့ကာ ဖြစ်ထဲသို့ပစ်ချလိုက်လီသည်။ 
ထိုအခါ လက်မကြီးနှစ်ချောင်းကို အသူရာမင်း ဆယ်သူရဟိလီသဖြင့် စည်ကြက်ကာတီးခတ် လီရာ ငြိမ့် ညောင်းသာယာဖွယ်အသံစုံဖြစ်ပေါ်လာလီသဖြင့် ထူးဆန်းစွာသော အသူရာနတ်စည်တော် ကို သိကြားမင်းကတိုက်ခိုက်သိမ်းပိုက်ကာ ယူဆောင်လားခသည်။

ကျန်သော တချောင်းသော ပုဇွန် လက်မ(ခြီမ) ကြီးသည်အစဉ်အတိုင်းဂင်္ဂါဖြစ်ဖျားက တဆင့် ပင်လယ်သို့မျောပါလာပြီးသော်လီပြင်းတိုက်ခက်လီသောကြောင့် ဒွါရဝတီ မြစ်ကမ်းနဖူး၌ ရီချိုးနီ ကြကုန်သော ဝါသုဒေယမင်း ညီနောင်တကျိပ်ရို့သည်ဆယ် ယရဟိကြလီကုန်၏။


ထိုပုဇွန်လက်မ(ခြီမ) တက္ကဋကိုစည်တော်ကြက်လျှက်နန်းတော်တွင် တီးခတ်ကြလီရာ အင်မတန်ထူးခြားအံ့သြဖွယ်သော သံစုံတီးလျှက်ပေါ်ထွန်းလာပြီးသော်သာယာငြိမ့်ညောင်းဖွယ်သော အသံစုံလင်စွာဖြင့် ပေါ်ထွန်ားလီသဖြင့် အသံစည်တော်နှင့် ကိုက်ညီအောင် သာခြင်းအခြင်းများဖော်လျှက် သုခုမ ပညာပြောင်မြောက်စွာဖြင့် စပ်ဆိုကာသီဆိုက,ကွက်ထွင်ပြီး (စည်တော်ကြီးကိုစတင်တီးခတ်ကြလီသည်။) 

သို့ဖြစ်လီသောကြောင့် ရခိုင်ရာဇဝင်တော်ကြီးလင်္ကာ၌ အောက်ပါအတိုင်းဖော်ပြထားပါသည်။ (ရိုးညွတ်ခပ်သိမ်း ရန်စစ် ပြိမ်း၍ မုဒိမ်း၊ ဓားပြ၊ ခိုးသူစသည်လန့် ထကြောက်ညှင်း ရန်မျိုးစင်မှသောင်းခွင်ကြော်ကြားထိုမင်းများတို့(ရို့) ပျော်ပါးမြူးဆန်း မြို့ရွှင် ပျံ၌ ခြွေရံမှန်ပျင်း များလူရှင် (သျှင်) နှင့် နေ (နီ) ကျင်ပေါင်းရုန်း ဇမ္ဗူလုံးကိုသိမ်းကျုံးဆည်ရအဖို့ ပြု၍ တခုမကြွင်းလုပ်ခွန်သွင်းလျှက်စံခြင်းများစွာ ထိုအခါ၌မည်သာခေါ်ထ ကုဏ္ဍရဟုအိုင်းမက်၌ဝယ်ကြောက် မက်ဖွယ်သား၊ ကြီးကျယ်သန်လှသက္ကဇူလို (ပိုင်) ပွပွသမ္ဘာဖူးငုံအာသာ၊ ပွင့် လာဘုန်းဟိဆင်ဟတ္တိလျှင်နင်းဘိတန်းခိုး ရှတ်(ယှတ်ယှတ်) ကျိုးကစွယ်ကျိုးဘိန္န မြစ်သို့ချသော်လက်မထရံမျိုးလေထုံ၍ ကြိတ်ကြိတ်ထိုခါ အသူရာတို့ (ရို့) မဟာသမုတ်လိုင်းခတ်ဖြုတ်က ဝရမ်ရေ (ရီ) ကြောင်း ဝင်လေ(လီ) ချောင်းသော်တချောင်းအကြွယ် (ကြွီ) ဆယ်ရဲလေ (လီ)၏။ 

မြဲတွယ်သည်မှ ဝှန်းပေါက်ပြဲသား၊ စည် မစည် ကြီး စည်သီရိဟု ပြုပြီးကုန်မှ၊ဝါသဝနှင့် တွေ့(တွိ့) ကြရန်မှေနတ်စစ်မြေ (မြီ)၌ ရှုံးလေ (ယူံးလီ) ရကားပါယ်စွန့်သွား (လား) သားသိကြားတမူရလေ(လီ) ယူမှဟန်းဆူကျော်ကြားအလမ္ဗဟု တွင်ထအမည်သိနားလည်လော့၊ ထိုစဉ်အမျိုးအတူ ကျိုး၍ ရေ (ရီ) ရိုးလယာ မျောကြရာတွင် ဂင်္ဂါဖြစ်ကြောင်း ပါလေ (လီ) သျှောင်း၍ တချောင်းကို မူကွန်း ဇမ္ဘူဝယ်ရိပ် ဖြူဆောင်းဆောင်း တကျိုပ်ပေါင်းသား၊ မင်းဇော် ပြီးဒသ သာဒကတို့ (ရို့)ဒွါရာဝတီမြို့တောင်ဆီဝယ်၊ နဒီမြယဉ် ကမြူစဉ်၌ ဝဲရေ (ရီ) ချမ်းမြိုက်၊ ဆယ်ခွာလိုက်ဝယ်၊ တန့်ရိပ်မြည် လျက်မြောက်စည် ကြက်၍၊ မပျက်တီးက၊ သံဝှန်းဖြန့်သည်၊ ဒီ (ဒေ) ကွန်းဇမ္ဗူလွှမ်းပတ်သည်း။) 

ဟူ၍ပင်ပါဟိလီသည်။ 
သို့ဖြစ်ပါ၍ (စာရွီးသူအနီဖြင့်) ရခိုင်စည်တော်တီးခတ်ရန်အလို့ငှါ ခြီဆင်းရတုအဖြစ်အောက်ပါအတိုင်း ရွီးစပ်တင်ပြအပ်ပါသည်။ 

(ရက္ခမဏ္ဍိုင်ပြည်ရခိုင်လေရခိုင်ညွန့်ဖူးကြယ်သော်ရှူးသို့၊
ကွန့်မြူးဂုဏ်ရောင်သေလာတောင်ဆိုင်း၊ ပြိုင်းကရိုင်းတည်း၊ အှုံမှိုင်းဝီဝီ၊ ကမ်းခြေ (ခြီ) ဒေသ၊ မဏ္ဍလဝယ်ဝံသမျိုးမှန်တန်းခိုးလျှံ၍ ဝါသုဒေဝ ဒသပါတက ညီနောင်လှတို့ (ရို့)၊ ဒွါရာဝတီ၊ မြို့သဂကို၊ စိုးစံပိုင်သ၊ ထိုစဉ်ကပင်၊ ပုဇွန် လက်မ ကုဏ္ဍဟုနာမထင်ပေါ်၊ မြတ်စည်တော်ကို၊ ရာဇာရာဇ နရိန္ဒနှင့် ဒလိန္ဒဆုံး၊ တပြုံပြုံရွှင်၊ မင်္ဂလာခန်း၊ ရီစင် ဖြန်း၍၊ ထုံးတမ်းစိုင်လာ၊ ခိုင်အမာလေ၊ ရိုးရာမပျက်၊ ဒေနိမ့် ထက်တိုင်၊ တမြိုင်မြိုင်ကေ၊ ရခိုင်စည်ခြင်း၊ သံသာညှင်းဖြင့် မယွင်းဇာတိသွီးမာန်ဟိအောင်၊ ကြံဆောင်ရည်စုး၊ မြတ်စည်တော်တီး ဗျာယ်ခတ်ကေ
(ဗြိန်းလေးစောင်းစောင်း ဗြိန်း။